Thursday 3 January 2008

အမြင့်မြတ်ဆုံးလူတွေ ကျဆုံးခဲ့ကြတယ်

အမြင့်မြတ်ဆုံးလူတွေကျဆုံးခဲ့ကြတယ်။
သူတို့ကို လူမနေတော့တဲ့နေရာတခုမှာ လူမသိ သူမသိမြှုပ်ထားခဲ့ကြတယ်။
သူတို့အတွက်မျက်ရည်တစက်မျှ မကျခဲ့ကြဘူး။
မသိဖူးတဲ့လက်တွေက သူတို့ကိုသင်္ချိုင်းကို သယ်ပို့တယ်
လက်ဝါးကပ်တိုင်မရှိ၊ အကာအယံမရှိ၊ သူတို့ရဲ့ ဂုဏ်ပြောင်တဲ့
နာမည်တွေကို ဘယ်သင်္ချိုင်းကျောက်ပြားမှာမှ မတွေ့မိ။
သူတို့အပေါ်မှာမြက်တွေပေါက်နေပြီး ချိနဲ့တဲ့မြက်ပင်လေး တပင်ကသာ
ခါးလေးကိုင်းပြီး သူတို့ရဲ့ လျှို့ ၀ှက်ချက်တွေ ထိန်းထားတယ်။
တဦးတည်းသောသက်သေကတော့ ဒေါသတခြောင်းခြောင်းနဲ့
ကမ်းစပ်ကို ရိုက်ခတ်နေကြတဲ့လှိုင်းလုံးတွေ။
ဒါပေမယ့် ဒီအစွမ်းထက်လှတဲ့လှိုင်းလုံးတွေတောင်မှ
သူတို့အိမ်တွေဆီကို နောက်ဆုံးနှုတ်ဆက်စကားတွေ
သယ်မသွားနိုင်ခဲ့။ ။

ဖစ်ဂ်နာ


The Noblest Fallen

The noblest have fallen.They werde buried
Obscurely in a deserted place.
No tears fell over them.
Strange hands carried them to the grave.
No cross, no enclosures, and no tomb stone tell
their glorious name.
Grass grows over them, afeeble blade
bending low keeps the secret.
The sole witness were the surging waves.
Which furiously beat against the shore,
But even they, the mighty waves could
Could not carry farewell greetings to the distant home.

Figner ( 1852_ 1942 )

ကဗျာဆရာမ ဗယ်ရာနီကိုလက်ဗ်နာ (Vera Nikolaevna Figner ) ရုရှားနိုင်တွင် မွေးဖွားခဲ့သူ ဖြစ်သည်။ ၁၉ ရာစုနှစ် အကုန်ပိုင်း ရုရှားဓနရှင်ပေါက်စ ပညာတတ်များရဲ့ ဇာဘုရင်စနစ် တော်လှန်ရေးတွင် ခေါင်းဆောင်ခဲ့သော အမျိုးသမီးတဦးဖြစ်သည်။
(ဗမာပြည်ကွန်မြူနစ်ပါတီမှ ထုတ်ဝေသော ပြည်သူ့အာဏာဂျာနယ် (အမှတ်-၂၉၊ဒီဇင်ဘာ၊ ၂၀၀၇) မှ ကူးယူဖေါ်ပြပါသည်။)

No comments: