Sunday 2 December 2007

ဒေါ်အောင်ဆန်းစုကြည်၏ ကြေညာချက်အား ရုပ်ရှင်လောကသားများကို ဖိအားပေး ကန့်ကွက်ခိုင်း

ပေးပို့သူ - ကျွန်ုပ်တို့၏ သတင်းထောက်

၂-၁၂-၂၀၀၇၊ နံနက်ပိုင်းက မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ခန်းမ၌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကြေညာချက်ကို ကန့်ကွက်ကြောင်းနှင့် နအဖက လိမ်လည် ပြုလုပ်နေသော လူထုဆန္ဒ ထုတ်ဖော်ပွဲများကို ထောက်ခံကြောင်း အခမ်းအနား ကျင်းပနိုင်ရေးအတွက် အစည်းဝေးတရပ် ကျင်းပရာ ရုပ်ရှင်လောကသားများကို အတင်းအကျပ် တက်ရောက်စေခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ အစည်းအဝေးတွင် နအဖလက်ကိုင်တုတ် အမှုဆောင်များ ဖြစ်ကြသည့် ရုပ်ရှင်အစည်းအရုံးမှ မြင့်သိန်းဖေ၊ ဒါရိုက်တာ မလိခ စိုးထိုက်အောင်နှင့် ရုပ်ရှင်လုပ်ငန်းမှ သိန်းထွန်းအောင်တို့က အစည်းအဝေး တက်ရောက်လာသည့် သရုပ်ဆောင်များအား ဒေါ်အောင်ဆန်းစုကြည်၏ ကြေညာချက်ကို ကန့်ကွက်ကြောင်းနှင့် နအဖက လိမ်လည်ပြုလုပ်နေသော လူထုဆန္ဒ ထုတ်ဖော်ပွဲများကို ထောက်ခံကြောင်း အတင်းအကျပ် လက်မှတ် ထိုးခိုင်းခဲ့ပြီး မကြာမီထုတ်ပြန်မည့် သဘောထား ကြေညာချက်ကိုလည်း ရုပ်ရှင်အစည်းအရုံး ဆင်ဝင်ကြီးအောက်တွင် အများမြင်သာစေရန် ရေးသား ချိတ်ဆွဲမည် ဖြစ်သည်ဟု သတင်းရရှိသည်။

ဒေါက်တာလွဏ်းဆွေဘလော့မှ ကူးယူသည်။

No comments: