Tuesday 29 April 2008

ကိုယ့်အနာဂတ်ကို ဘယ်လိုဖန်တီးမလဲ





စိတ်ဝင်စားတယ်ဆိုရင်ပေါ့

ပြန်ခေါက်ထားပေးနော့်

Read More...

တိုင်းပြည်ရဲ့ကံကြမ္မာကိုအဆုံးအဖြတ်ပေးတဲ့ကာလရောက်တော့မယ်

တိုင်းပြည်တပြည်မှာ နိုင်ငံရေးအကြပ်အတည်း။ ဒါမှမဟုတ်ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေမျိုးကြုံလာ ရရင် ဆေးမြီးတိုကအစ တဘောင်ပေး။ နတ်လမ်းညွှန်ပေးတာတွေ။
တိုင်းပြည်တပြည်မှာ နိုင်ငံရေးအကြပ်အတည်း။ ဒါမှမဟုတ်ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေမျိုးကြုံလာ ရရင် ဆေးမြီးတိုကအစ တဘောင်ပေး။ နတ်လမ်းညွှန်ပေးတာတွေ။ ရွှေငုံးမင်းအမြီးမျှော်သလို မျှော်ခိုင်းတာစတာတွေ ဟိုက ဒီကပေါ်လာတတ်ပါတယ်၊ ပုံမှန်အခြေအနေမှာ နိုင်ငံရေးစကားပြောနေသူ မဟုတ်သူတွေတောင် ဒီလိုအခါမှာ ခုန်ထွက်လာ တတ်ပါတယ်၊ ဒါမဆန်းပါဘူး၊ တကမ္ဘာလုံးမှာ ဖြစ်တတ်တာပါပဲ၊

ဒါပေမဲ့ အဲဒီလိုသဘောတရားတွေ ထုတ်လာသူတွေဟာ ဘယ်လိုသဘောထားနဲ့ ပေးတယ်ဆိုတာကိုတော့ သေချာ စိစစ်ဖို့လိုပါတယ်၊ တိုင်းပြည်နဲ့ ပြည်သူလူထုအပေါ်မှာ စေတနာရှိသူတွေပါတတ်သလို တချို့ကတော့ ဒီတကွေ့မှာဖြင့်ငါ့အ ကွက်ပေါ်ပြီလို့ယူဆပြီး ထွက်လာတာပါ၊ ငါ့အကွက်ဆိုတာမှာ အတိုက်အခံနိုင်ငံရေးလောကမှာဆိုရင် ခေါင်းဆောင်ဖြစ်ဖို့။ ထင် ပေါ်ကျော်စောဖို့။ အလိုတော်ရိလောကမှာဆိုရင် ငါမျက်နှာရအောင်လုပ်ဖို့။ ရာထူးနေရာရဖို့။ စတာမျိုးတွေပါတတ်ပါတယ်၊ စစ် အစိုးရကိုဆန့်ကျင်ရတဲ့ ဒီမိုကရေစီတိုက်ပွဲသက်တမ်း ရှည်ကြာလာတာနဲ့အမျှ ဒီလိုထူးထူးဆန်းဆန်း အယူအဆတွေတွေ့လာ ရပါတယ်၊ တချို့ဆိုရင်အနောက်တိုင်းက စာအုပ်တွေထဲမှာပါတာတွေကို ကိုယ့်နိုင်ငံအခြေအနေနဲ့ သင့်တော်သည်။ မသင့် တော်သည်မစဉ်းစားပဲ အတင်းဆွဲယူပြီး သဘောတရားဖန်တီးကြတာ တွေ့ရပါတယ်၊ ဖိနပ်မတော်ရင် ဖနောင့်ဖြတ်မယ့် သဘောပါ၊

ဗမာပြည်ရဲ့ လက်ရှိအနေအထားမျိုးမှာ အာဏာရလူတန်းစားဟာ “ခွင်လုံးကျွတ်နိုင်ချင်နေသမျှ”။ ဒါမှမဟုတ် “ခွင် လုံးကျွတ် အနိုင်ယူဖို့ပဲတွေးခေါ် လုပ်ဆောင်နေသမျှ” ဘယ်တော့မှ နှစ်ဖက်အနိုင်ရရှိတဲ့ “Win - Win ဖြေရှင်းနည်း” ဖြစ်ပေါ် မ လာနိုင်ပါဘူး၊ “Win - Win ဖြေရှင်းနည်း” ဆိုတာဟာ နှစ်ဖက်စလုံးကသဘောရိုးနဲ့။ အဖြေကောင်းရလိုတဲ့ ဆန္ဒအစပြုချက်နဲ့ ဆွေးနွေးကြမှရတာပါ၊ အာဏာရလူတန်းစားက “သူ့ဘက်က အနိုင်ရနေတယ်” လို့ထင်နေသမျှ “ဂိမ်းသီဝရီ” ဆိုတာအလုပ်မ ဖြစ်နိုင်ပါဘူး၊ ဒီနေ့ဗမာပြည် ပြည်သူတွေ ရင်ဆိုင်နေရတဲ့ရန်သူဟာ ဘယ်လိုလူလဲဆိုတာကို အကဲဖြတ်တာမှာကိုပဲ ပြဿနာ ရှိနေပါတယ်၊ စစ်ဗိုလ်ချုပ်တွေကို ပန်းပန်။ သနပ်ခါးလိမ်းပေးနေပြီး ဒီချုပ်ကိုအိုးမည်းသုပ်ဖို့ ကြိုးစားနေတာတွေလည်း တွေ့ရ ပါတယ်၊ ကိုယ့်ဖက်ကသူ့ကိုကြည့်ရင်တမျိုး။ သူ့ဖက်က ကိုယ့်ကိုကြည့်ရင် တမျိုးဆိုတာမဆန်းပါဘူး၊ ဒါပေမဲ့ဘယ်ဖက် မှာရပ် တယ်ဆိုတဲ့ကိစ္စကိုတော့ ပြောရပါမယ်၊

ဒီနေ့ဗမာပြည်ကြုံတွေ့နေရတဲ့ အကြပ်အတည်းဟာ လက်နက်ကိုင်ထားတဲ့ အာဏာရလူတန်းစားက အာဏာကို ပြည်သူက ရွေးကောက်တင်မြှောက်သူတွေလက်ထဲ လွှဲပြောင်းဖို့မပြောနဲ့ တဖဲ့တစတောင် ခွဲမပေးချင်လို့ဖြစ်ပါတယ်၊ တချို့ သော ကိုယ့်ကိုယ်ကို နိုင်ငံရေးပရောဟိတ်လို့ သတ်မှတ်ယူဆနေသူတွေပြောသလို အတိုက်အခံတွေဖက်က။ အထူးသဖြင့် အမျိုးသားဒီမိုကရေစီဖက်က အလျှော့မပေးလို့။ တင်းခံနေလို့လုံးဝမဟုတ်ပါဘူး၊

ဒါကြားထဲကပဲ “ကိုယ်ကလျှော့ပေးရင် သူကလည်းလျှော့ပေးလာမယ်” ဆိုတဲ့ အံ့သြစရာစဉ်းစားတွေးခေါ်နည်းတွေ တောင် ကြားရ ဖတ်ရပါတယ်၊ သူတို့ဟာ နအဖကိုဖားချင်လွန်းတာလား။ နုံအလွန်းတာလား စဉ်းစားစရာဖြစ်နေပါတယ်၊ ဒီ ထက်ဒီသာဆက်ပြီး အလျှော့ပေးရမယ်ဆိုရင်တော့ ခါးပါပါယုံမက “ကျားရှေ့ခံတွင်းရှေ့မှာ ကိုယ်ကိုစင်းပေး” တာပဲဖြစ်မှာ တော့မှာပါ၊

ဒီအတွေးအခေါ်တွေနဲ့ တဆက်ထဲတချို့က ဗမာပြည်ရဲ့ “ပြည်တွင်းစစ်သမိုင်းကိုလည်း သူတို့ဖြစ်စေချင်သလိုဆွဲ တွေး။ ဆွဲရေးနေတာတွေ ပေါ်လာနေပါတယ်၊ နအဖပေးထားတဲ့ဒီမိုကရေစီဟာ သူတို့ရဲ့အဲဒီလိုရေးသားမှုတွေအတွက်တော့ တကယ့်ကို အံကိုက်ပါ၊ ပြန်စဉ်းစားကြည့်ပါ၊ စေ့စပ်ဆွေးနွေးပြီး ပြည်တွင်းစစ်ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်းရေး ပြန်လည်တည် ထောင်ဖို့ ဗကပက ၁၉၅၅ခုနှစ်မှာ ကမ်းလှမ်းတုန်းက ‘စစ်အုပ်စု’ဟာ တပ်မတော်ရဲ့တစိတ်တပိုင်းမှာပဲ ဘန်ကာတူး။ အခြေ စိုက်နေရတုန်းပဲဖြစ်ပါတယ်၊ ‘မဆလ ဆိုရှယ်လစ်အတွေးအခေါ်’ ဆိုတာကို စတင်ပြီးတော့ ကြံဆနေရတုန်းဖြစ်မှာပါ၊ စစ်အုပ်စု အပိုင်စီးထားတဲ့ ‘စိတ်ဓာတ်စစ်ဆင်ရေးဌာန’ ကို အသုံးပြုပြီး ‘ခေတ်ရေး’ စာစောင်ကလေးတွေ ထုတ်နေပြီး တပ်ကို တလက် ကိုင်ဖြစ်အောင် ဿကိးစားစည်းရုံးနေတုန်းဖြစ်ပါတယ်၊ (အဲဒီ ‘ခေတ်ရေး’ စာစောင်ကလေးတွေကို ပြန်လည်လေ့လာကြည့်ရင် ရှင်းပါလိမ့်မယ်၊ သောင်းနဲ့ချီရိုက်ပြီး အလကားဝေခဲ့တာမို့ အခုရှာရင် ရနိုင်ပါသေးတယ်၊) ဒါကြောင့်အဲဒီတုန်းကတည်းက ‘ဖဆပလ အစိုးရ’ ရဲ့ တရားဝင်ပေါ်လစီ’ နဲ့ ‘စိတ်ဓာတ်စစ်ဆင်ရေး’ ရဲ့ ပေါ်လစီဟာ အတိအလင်းကွဲပြားနေတာကိုလည်း တွေ့ကြရမှာပါ၊ စစ်တပ်ဟာဦးနုကို မျက်လုံးထဲတောင်မထားပါဘူး၊

ဗကပထဲမှာလည်း အဲဒီတုန်းကတည်းက ကိုယ့်ဘက်ကလျှော့ပေးလိုက်ရင် သူ့ဘက်ကလည်း လျှော့ပေးလိမ့်မယ် ဆိုတဲ့ အတွေးအခေါ်ကို စစ်တမ်းတွေ ပလူပျံအောင်ရေးပြီး ဖြန့်နေကြတာပါ၊ အလွယ်ဆုံးဥပမာပြရရင် “ချမ်းအေးစစ်တမ်း” ပါ၊ ဒါကတခုပဲဖြစ်ပါတယ်၊ တခြားစစ်တမ်းတွေလည်းရှိပါသေးတယ်၊ ဒါပေမဲ့ အဲဒါတွေအားလုံးမှာ အခြေခံအတွေးအခေါ်ကတော့ တခုတည်းပါ၊ အဲဒါက “ကိုယ့်ဘက်ကလျှော့ပေးမှ သူ့ဘက်ကလျှော့လာမယ်” ဆိုတဲ့အတွေးအခေါ်ဖြစ်ပါတယ်၊ အဲဒီအယူ အဆရှင်တချို့က “ဆုတ်မယ့်ဆုတ် ကတုတ်ထိအောင်ဆုတ်ရမယ်” လို့ပြောပြီး လက်နက်ချ အညံ့ခံဖို့ပြောကြပါတယ်၊ သူတို့ မစဉ်းစားမိတာက “ခွင်လုံးကျွတ် အနိုင်ယူ ချင်သူဟာ လျှော့ပေးရင် ကမ်းတက်တတ်တယ်” ဆိုတာပါပဲ၊

“ဒီမိုကရေစီကို လက်နက်နဲ့လဲ” လို့မရခဲ့တာကိုတော့ “ပြည်သူ့ရဲဘော်” တွေ “အလံနီ” တွေရဲ့ ဖြစ်ရပ်ကသက်သေပြခဲ့ပါပြီ၊

“ဒီမိုကရေစီကို ‘မဲပြား’ နဲ့ရအောင်လုပ်ရင်ရမယ်၊ ‘အကြမ်းမဖက်ရေး’ နဲ့ လုပ်ရင်ရမယ်ထင်တဲ့ ‘ထင်ယောင်မှားမှု’ ကိုတော့ ပထစ နဲ့ ဒီချုပ် အတွေ့အကြုံတွေက ပြသွားခဲ့ပြီမဟုတ်ပါလား၊ အခုတော့ ‘စိတ်ဓာတ်စစ်ဆင်ရေး’ မှာ အောက်သက်ကျေခဲ့တဲ့ ဗိုလ်သန်းရွှေက “တရားခံအဖြစ်ခံပြီး” အခြေခံဥပဒေ ရေးဆွဲလိုက်ပါပြီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နောက်ဆုံးလက်သီး ချက်သွင်းတဲ့ coup de grace အဆင့်ကို ရောက်နေပြီ၊ စစ်အုပ်စုဟာ ‘စစ်တပ်နဲ့အာဏာသိမ်း’ coup deta နဲ့ စခဲ့ပြီး coup de grace နဲ့ စစ်အုပ်စုမင်းဆက်ကို ထူထောင်ချင်ကြောင်း ဖော်ပြနေတာဖြစ်ပါတယ်၊ ဒိထက်ထပ်လျှော့ရင်ဘာဖြစ်မလဲ၊ ပြားပြား ၀ပ်တဲ့ဘ၀ပဲရောက်မှာပါ၊ အညွန့်တုံးတဲ့ဘ၀ပဲ ရောက်မှာပါ၊

၂၀၀၈ခုနှစ်ကနေ ၂၀၁၀ခုနှစ်။ ဒီ၂နှစ်အတွင်းမှာအဖြစ်အပျက်တွေဟာ ဗမာပြည်ရဲ့ကံကြမ္မာကို ဆုံးဖြတ်ပါလိမ့်မယ်၊ ဘာဖြစ်မလဲ၊ အကောင်းလား။ အဆိုးလားတွေ့ရတော့မှာပါ၊ ကြာကြာစောင့်ရမယ် မထင်ပါဘူး၊ တွေဝေနေရင် တသက်တာလုံး ခံရပါလိမ့်မယ်၊

ဖဆပလ - ပထစ - မဆလ တို့ရဲ့ဇာတ်သိမ်းမျိုး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မသိမ်းရလေအောင် ကျွန်တော်တို့တတွေအားလုံး ကြိုးစားကြရပါမယ်၊ ဒါဟာ နောက်မြီးဆွဲလုပ်တာမဟုတ်ပါဘူး၊ သမိုင်းတခေတ်မှာရင်ဆိုင်ရတဲ့ အခြေအနေမှာ ကိုယ့်ကျတဲ့အခန်းကနေ ၀င်ပါတာဖြစ်ပါတယ်၊

တကယ်တော့ဗမာပြည်ရဲ့အဖြစ်ဟာ ဖွတ်မိကျောင်းဖြစ်လာလို့ ဖွတ်ကျောပြာစုဘ၀ရောက်ရတာပါ၊ ၁၉၅၅ခုနှစ် လောက်တုန်းက စစ်အုပ်စုဟာ အိမ်မြှောင်အဖြစ်ကနေ ပြည်တွင်းစစ်ကြောင့် ကြီးထွားလာတဲ့ ‘ဖွတ်ဘ၀’ ပဲရှိပါသေးတယ်၊ ဒီလိုနဲ့ ၁၉၅၈ခုနှစ်မှာ ဖဆပလကွဲတော့ တဆင့်တက်လာပါတယ်၊ စစ်အုပ်စုဟာ ‘နိုင်ငံတော်အာဏာပိုင်’ အဖြစ် ယာယီဖြစ်လာ ပါတယ်၊ အာဏာရဲ့အရသာကို လျှာနဲ့လျက်ခွင့်ရလိုက်ပါတယ်၊ နေသေးသပခြုံထဲက။ ချိုသွေးသပတမြမြလုပ်နေပါတယ်၊

ဗိုလ်နေ၀င်းနဲ့သူ့တပ်မှူးတွေဟာ ၁၉၅၈ခုနှစ်မှာ သူတို့ကို “အာဏာလွှဲပေးခဲ့တဲ့” ဦးနုရဲ့ပထစအစိုးရကို ခဏစောင့်ကြည့်ပြီး ၁၉၆၂ ခုနှစ်မှာကျတော့ သူတို့အာဏာသိမ်းရင် ပထစတွေ လွန်ဆန်နိုင်မှာမဟုတ်ဘူးလို့ တွက်မိပြီး တဆင့်တက်လိုက်တာပါပဲ၊ အာဏာကို အပြီးအပိုင်သိမ်းလိုက်တာပါ၊ ကမ္ဘာတည်သရွေ့အာဏာကို ဆုပ်ကိုင်ထားနိုင်ဖို့အတွက် ‘မဆလအလံ’ ကိုလည်း အတိအလင်းထူပြ လိုက်ပါတယ်၊

၁၉၈၈ မှာ စစ်အုပ်စုဟာမျိုးဆက်သစ်ကို အာဏာအမွေလွှဲပေးပါတယ်၊ ရှစ်လေးလုံးတိုက်ပွဲကြီးကြောင့် ဗိုလ်နေ၀င်းပန်းပေး သွားတာပါ၊ ၁၉၈၈ခုနှစ်ကနေ အခု၂၀၀၈ခုနှစ် အထိမှာတော့ အာဏာကိုလဲလွှဲမပေး။ စစ်တန်းလျားကိုလည်းမပြန်တော့ပါဘူး၊ နေပြည် တော်အသစ် ထူထောင်ပြီး အာဏာကိုရာသက်ပန် သိမ်းထားမယ်ဖြစ်နေပါပြီ၊ အခုဗမာပြည်သူတွေရင်ဆိုင်နေရတာဟာ အာဏာကို တရားဝင်ရာသက်ပိုင်ဆုပ်ကိုင်ထားဖို့အတွက် ဥပဒေပြုနေတာနဲ့ စစ်အင်အားတည်ဆောက်နေတဲ့ အနေအထားဖြစ်ပါတယ်၊

၂၀၀၀ခုနှစ် ၀င်လာကတည်းက နိုင်ငံတကာ့အခြေအနေကလည်း တစတစပြောင်းလာလိုက်တာ အခုတော့ ဗမာပြည်ဟာ အင်အားကြီးတွေရဲ့ကြားမှာ ကစားစရာဖြစ်နေပါပြီ၊ ကုလသမဂ္ဂကိုပြေးတိုင်လိုက်။ ကုလသမဂ္ဂကိုရန်ထောင်လိုက်နဲ့ လူရီစရာတွေ ဖြစ်လာပါလိမ့်မယ်၊ ပြည်ပမှာသူများတွေက အမှိုက်လှည်းကြီးလို့ ထင်စရာဖြစ်လာနေချိန်မှာ ပြည်တွင်းမှာကျတော့ ဖွတ်ကမိကျောင်း ဖြစ်တာကြာပြီဖြစ်တဲ့အတွက် မြစ်ပြင်တခုလုံး မချမ်းသာရုံမက မြစ်ပြင်တခုလုံး မီးဟုန်းဟုန်းတောက်မယ့် အခြေအနေဆိုက်နေပါပြီ၊

နိုင်ငံရေးဘ၀မှာ ဇာတ်ဆရာမရှိပါဘူး၊ ကိုယ်တိုင်ပါဝင် ကကြရတာပါ၊ လူတိုင်း။ အထူးသဖြင့် နိုင်ငံရေးခေါင်းဆောင်နဲ့ နိုင်ငံရေးသမားတိုင်းဟာ ပွဲကြည့်တွေမဟုတ်ပါဘူး၊ ကိုယ်တိုင်ကပြနေကြတာပါ၊ ဘာမှမလုပ်ပဲထိုင်နေရင် အဲဒါလည်းသရုပ်ဆောင်နေတာပဲ ဖြစ်တယ်ဆိုတာကို မမေ့ဖို့ပါပဲ၊

ရဲဘော်ဖိုးသံချောင်း

Read More...

စေ့စပ်ဆွေးနွေးပွဲ နဲ့ စကားပြောပွဲ

ဒီနေ့ဗမာပြည်မှာ ဖေဖော်ဝါရီလထဲမှာ ထုတ်ပြန်လိုက်တဲ့ ၁/၂၀၀၈ နဲ့ ၂/၂၀၀၈ တို့ရဲ့ဂယက်တွေ အပြင်းအထန်ရိုက် ခတ်နေပါတယ်။ အဲဒါကတော့ နအဖစစ်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့
“စကားပြော” နေတဲ့အကြားက သူတို့ရဲ့ဖွဲ့စည်း အုပ်ချုပ်ပုံဥပဒေ ကိုအတည်ပြုဖို့နဲ့ ရွေးကောက်ပွဲအစီအစဉ်တို့ကို အတင်းတင်ပြလာတာဖြစ်ပါတယ်။ ဒါဟာ ဒေါ်အောင်ဆန်းစု ကြည်နဲ့နအဖတို့ “စကားပြော” တာရဲ့အဖြေလား၊ နောက်ဆက်တွဲလား၊ စဉ်းစားစရာဖြစ်ပါတယ်။ အဲဒီ “စကားပြောပွဲ” ဟာ ဘာဖြစ်သွားပြီလဲ၊ ဆက်ပြီး ပြောခိုင်း ထားအုန်းမှာလား၊ မေးစရာတွေလည်းပေါ်လာပါတယ်။

တကယ်တော့ ဒီစကားပြောပွဲဟာစံကျတဲ့ စစ်အုပ်စုပုံစ စကားပြောပွဲတခုသာဖြစ်ပါတယ်။

ဒီလိုဆိုတော့ စကားပြောပွဲဆိုတာနဲ့ စေ့စပ်ဆွေးနွေးပွဲဆိုတာတို့ရဲ့ ခြားနားချက်ကိုပြောဖို့လိုလာပါတယ်။ စေ့စပ်ဆွေး နွေးတယ်ဆိုတာဟာ နှစ်ဖက်ကွဲလွဲနေတာတွေကို ဖြေရှင်းရေးဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဦးတည်ချက်ရှိရှိ စကားပြောကြတာဖြစ် ပါတယ်။ စကားပြောပွဲ ဆိုတာကတော့ ဘာဘောင်မှခတ်မထားတဲ့၊ တနည်းပြောရရင် ဦးတည်ချက်မထားပဲ ပြောရင်လည်း ပြောလို့ရတဲ့စကားပြောခြင်းတရပ် ဖြစ်ပါတယ်။ န၀တ - နအဖရဲ့သက်တမ်းတလျှောက်မှာ စေ့စပ်ဆွေးနွေးတယ်ဆိုတဲ့ စကား မပြောနဲ့ စာပွဲဝိုင်းမှာထိုင်တယ်ဆိုတဲ့ စကားမျိုးကိုတောင် မသုံးဘူးဆိုတာသတိပြုမိပါတယ်။ သူတို့တတွေ ငြိမ်းအဖွဲ့တွေနဲ့ တွေ့ ဆုံတာတွေမှာတောင် ဒီလိုအသုံးအနှုန်းတွေ မသုံးတဲ့ပါဘူး။

တကယ်ကျတော့ စစ်အုပ်စုတိုင်းလိုလိုပဲ ‘စေ့စပ်ဆွေးနွေးရေး’ ကို ယတိပြတ်ငြင်းပယ်လေ့ ရှိပါတယ်။ သူတို့ဟာ ‘သ ရေပွဲ’ ဆံတဲ့အဖြေမျိုးကို လက်ခံနိုင်စွမ်းမရှိပါဘူး။ သူတို့က ‘နိုင်ရမှ’ ကြိုက်ပါတယ်။ ‘နိုင်’ ပြီးပြီဆိုတော့မှ ဘယ်၍ ဘယ်သို့သော စည်းကမ်းချက်တွေနဲ့ အညံ့ခံပါ၊ လက်နက်ချပါ၊ အဲဒီကျမှ နိုင်သူနဲ့ရှုံးသူ ‘စကားပြောပွဲ’ လုပ်ကြမယ်လို့ ပြောလေ့ရှိတာဟာ သူ တို့ရဲ့ဝသီပါ။ ထုံးစံပါ။ ဒါဟာစစ်ဗိုလ်ချုပ်ရဲ့ အတွေးအခေါ်နဲ့ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ စဉ်းစားမှုခြားနားချက်လို့ ပြောရင်ရ မယ်ထင်ပါတယ်။

စစ်ဗိုလ်တွေရဲ့ ဒီလိုအတွေးအခေါ်ကို ကမ္ဘာ့စစ်ပွဲ (၂) ခုမှာလည်းတွေ့ခဲ့ကြရပါတယ်။ ဒုတိယကမ္ဘာစစ်ပွဲမှာ ဂျပန်ကို အဲဒီနည်းနဲ့ လက်နက်ချခိုင်းခဲ့ပါတယ်။ ဒါပေမဲ့ ဂျပန်ကတင်းခံနေတော့ မနိုင်နိုင်တဲ့နည်းနဲ့ ‘အနုမြူဗုံးကြဲချခဲ့တာပါပဲ။ ကိုးရီးယား စစ်ပွဲ (၁၉၅၀ - ၅၃ ခုနှစ်) မှာကျတော့လည်း စစ်ဗိုလ်တွေက (အမေရိကန်က မက်အာသာက) စစ်ပွဲကြာလာတာနဲ့အမျှ သူတို့ ဖက်က အကျအဆုံးများလာလို့ အနိုင်အရှုံးပြတ်ဖို့ အနုမြူဗုံးကိုသုံးချင်ပါတယ်။ ဒီအခါမှာ နိုင်ငံရေးခေါင်းဆောင်ဖြစ်နေတဲ့ သမ္မတထရူးမင်းက မက်အာသာကို ‘ကိုယ်အာဏာမပိုင်တဲ့ ပေါ်လစီကိုထုတ်ပြန်ခဲ့မှု’ နဲ့ ကိုးရီးယားစစ်မြေပြင်တပ်မှူး အဖြစ်က ဖြုတ်ပစ်ခဲ့ရပါတယ်။ (တကယ်တော့ ထရူးမင်းဟာ ဂျပန်မှာအနုမြူဗုံးကြဲဖို့ အမိန့်ပေးခဲ့သူဖြစ်ပါတယ်။ အဲဒီတုန်းက ဆိုဗီယက် မှာ အနုမြူဗုံးမရှိပါဘူး။ ဂျပန်ကို နာလန်မထူနိုင်အောင် အနုမြူဗုံးကြဲပြလိုက်တော့ ဆိုဗီယက်ကိုလည်း ခြောက်လှန့်ပြီးဖြစ်သွား လို့အကျိုး (၂) ခုရလိုက်ပါတယ်။ ကိုးရီးယားစစ်ပွဲမှာ တရုတ်ပြည်အပေါ် အနုမြူဗုံးကြဲမိရင် ဆိုဗီယက်က၀င်ပါရလိမ့်မယ်။ ဆိုဗီယက်မှာက အနုမြူဗုံးရှိနေပါပြီ။ ကမ္ဘာဖျက်စစ်ပွဲကြီး ဖြစ်တော့မှာသေချာသလောက်ပါ။ ဒါကြောင့် အရမ်းပြောအရမ်းလုပ် မယ့်စစ်ဗိုလ် မက်အာသာကိုအိမ်ဖြူတော်က ဖြုတ်လိုက်ရတာပါပဲ။ ဒီလိုနဲ့ သမ္မတအိုက်ဆင်ဟောင်ဝါ လက်ထက်မှာကျမှ နှစ် ဖက်စလုံးက ‘သရေပွဲ’ အဖြစ် အသိအမှတ်ပြုပြီး စစ်ကိုရပ်လိုက်တာ ဖြစ်ပါတယ်။ ကိုရီးယားစစ်ပွဲဟာ နိုင်ငံရေးနည်းနဲ့ ရှင်းမှပြီး သွားတာပါ။

ဗီယက်နမ်စစ်ပွဲမှာလည်း ဒီလိုပြသနာကြုံခဲ့ဖူးပါတယ်။ အမေရိကန်ဟာ စစ်ကိုနိုင်အောင် တိုက်နိုင်မယ်ထင်လို့ ပဲရစ် ဆွေးနွေး ပွဲတွေကိုဟန်ဆောင်လောာက်လုပ်ပြီး အချိန်ဆွဲနေခဲ့တာပါ။ ဒါပေမဲ့ စစ်ပွဲဟာ သူတို့ထင်သလိုဖြစ်ပေါ်မလာပဲ ဗြုံးဆိုအကွေ့အချိုးတခုကို ရောက်သွားပြီး အမေရိကန်တွေ အကုန်ထွက်ပြေးရတာဖြစ်ပါတယ်။ စစ်တိုက်နေတဲ့ စစ်ဗိုလ်တွေက နိုင်ရမှဿကိက်ပါတယ်။ အရှုံးအနိုင်ပြတ်ပြီးမှ စကားပြောချင်ပါတယ်။ သေနတ်နဲ့ပြောပြီးးမှ ပါးစပ်နဲ့ပြောချင်ကြတာပါ။ တကယ်တော့ ဗမာပြည်အရေးနဲ့ပတ်သက်လို့ ‘သရေပွဲ’ ထားဖို့ဆိုတဲ့ နိုင်ငံရေးနည်းနာဟာ အသစ်အဆန်းမဟုတ်ပါဘူး။ သခင် ကိုယ်တော်မှိုင်းရဲ့ ‘သူမနာကိုယ်မနာ သင်ပုန်းချေရေး’ နည်းဟာ ‘သရေပွဲ’ အဖြစ် လက်ခံတဲ့နည်းပဲဖြစ်ပါတယ်။ ဒါပေမဲ့ဒါကို ဖဆပလအစိုးရနဲ့ စစ်ဗိုလ်တွေက “အဖိုးကြီးဟာ သူပုန်တွေအတွက်ရှေ့နေလုပ်တယ်” လို့ ပစ်ပစ်ခါခါပြောပြီး အပြုတ်တိုက် ရေးကို လုပ်ကြတာနဲ့ ပြည်တွင်းစစ်ကြီးဒီနေ့အထိမပြီးမပြတ်ဖြစ်နေရတာပါပဲ။

မဆလခေတ်မှာ ဒေါက်တာမောင်မောင်ဟာ ဗိုလ်နေ၀င်းရဲ့ ရုပ်သေးရုပ်တရုပ်သက်သက်ဖြစ်ပါတယ်။ သူအာဏာရ လိုက်တဲ့ ရက်ပိုင်းလေးအတွင်းမှာပြောခဲ့တာဟာ ‘စေ့စပ်ဆွေးနွေးပွဲ’ ခေါ်တာမဟုတ်ပါဘူး။ ‘စကားပြောပွဲ’ နည်းနဲ့ အချိန်ဆွဲချင် တာပါ။ ဒါကို ဘယ်သူကမှ ၀မ်းမပါးခဲ့ဘူးဆိုတာ အဲဒီကာလဖြတ်သန်းဖူးသူတိုင်းမှတ်မိကြပါတယ်။ သူက အပျော့ဆွဲဆွဲပြီး “လူ ထုအုံကြွမှု” ကို ရပ်ပေးအောင် လှည့်စားတာဖြစ်ပါတယ်။ ကြောင်ချေးပရိယာယ်ပါ။ သူ့စကားထဲမှာ တကသ အဆောက်အဦ ကြီးကိုသူတို့ခေါင်းဆောင်မှုနဲ့ ပြန်ဆောက်ကြဖို့ဆိုတာတောင် ပါသေးတာပဲ။ ဒီစကားမျိုးကို ဗိုလ်နေ၀င်းက အပြောမခိုင်းရင် ဒေါက်တာ (ဗိုလ်) မောင်မောင် ကပြောဝံ့ပါ့မလား။”

နိုင်ငံရေးမှာ ရိုးအထုံထိုင်းနေသူ နာတတ်ပါတယ်။ ဒေါက်တာ (ဗိုလ်) မောင်မောင်ရဲ့ စကားတွေထဲမှာ ကွယ်ဝှက် ထားတဲ့ အဓိပ္ပာယ်တွေ အများကြီးပါနေတာကို သတိပြုသင့်ပါတယ်။

‘အသံတိတ်နေတဲ့အများစုကြီး’ ဆိုတဲ့စကားရဲ့အဓိပ္ပာယ်။

‘တကသ အဆောက်အဦကို ပျော်ပျော်ပါးပါး ပြန်ဆောက်ကြပါစို့’ (ထင်ပါရဲ့) ဆိုတာရဲ့အဓိပ္ပာယ်။

‘၁၉၇၄ (မဆလ) အခြေခံဥပဒေ’ ကို ပြုပြင်သင့်တာပြင်ဖို့ဆိုတဲ့ အဓိပ္ပာယ် စသဖြင့် စကားတိုင်းရဲ့ နောက်ကွယ်က အဓိပ္ပာယ်တွေကို တွေ့အောင်ကြည့်တတ်ရပါမယ်။

အလားတူပဲ ဗိုလ်သန်းရွှေတို့က ‘စကားပြောတယ်’ ဆိုတာရဲ့ နောက်ကွယ်မှာ ဖုံးဝှက်ထားတဲ့အဓိပ္ပာယ်ကိုလည်း ကျွန်တော်တို့ ထိုးထွင်းကြည်တတ်ဖို့လိုပါတယ်။ ကျွေးရင်ကျွေးတိုင်းစားတဲ့ အရွယ်တွေမဟုတ်ကြတော့ပါဘူး။

(ရဲဘော်ဖိုးသံချောင်း)

Read More...

မေသမိုင်းသစ် အသင့်ပြင်

ကမ္ဘာ့ မှတ်တိုင်တရပ် ပါ့

သြဂတ်စပိုင့်ရဲ့ အရိုးတွန်သံ

နိုင်ငံတကာက ကြားခဲ့ကြ

ကမ္ဘာ့ အလုပ်သမားနေ့

မေဒေးနေ့ကြီးအဖြစ် မော်ကွန်းတင်

မေသမိုင်းစဉ်ကို လှုပ်နှိုးးပစ်ခဲ့သလို ...

ဗမာ့ မှတ်တိုင်တရပ် အဖြစ်

သြဂုတ်ရှစ်ဆယ့်ရှစ် အာဇာနည်များရဲ့အရိုးတွန်သံ

တနိုင်ငံလုံးက ပြန် ကြား ကြ

စစ်ဓါးမြ စစ်ဘီလူး စစ်အာဏာရူးများ ဆန့်ကျင်ရေး

ဗမာ့မေဒေးအသစ် မော်ကွန်းပြင်

မေသမိုင်းစဉ်ကို ထပ်ပြီး ထူ

အောင်သံတလူလူနဲ့ ပြကြဖို့ ...

ရဲဘော် တို့

မိတ်ဆွေ တို့

ပြည်သူလူထုအပေါင်း တို့ ...

မတိမ်းမစောင်း အသင့်ပြင်

သမိုင်းတွင်အောင် ကန့်ကွက်ကြ

မျက်ခြေမပြတ်

ကြက်ခြေခတ်ရုံ မက

နအဖရဲ့ကလိန်ဉာဏ်

မူမမှန်တဲ့ ဖွဲ့စည်းပုံ

အမှိုက်ပုံဆီ ပို့နိုင်ရေး

ဟစ်ကြွေး ဖေါ်ထုတ် ကန့်ကွက်ကြပါ စို့ ...

ဆန့်ကျင်မဲပေး ဆန္ဒပြကြပါ စို့ .....။ ။ ။ ။

(၀င်းတင့်ထွန်း)

၆ - ၄ - ၂၀၀၈

မှတ်ချက်

သြဂတ်စပိုင့် (August Spies) = ကမ္ဘာ့အလုပ်သမားနေ့ မေဒေးနေ့အဖြစ် ဖြစ်ပေါ်စေခဲ့တဲ့။ အမေရိကန် ချီကာဂိုမှ စတင်ခဲ့တဲ့ ၁၈၈၆ မေလအလုပ်သမား သပိတ်တိုက်ပွဲအတွင်းမှာ ရှေ့တန်းကနေ ပါဝင်ခဲ့ပြီး။ ကြိုးပေးစီရင် သတ်ဖြတ်ခံခဲ့ရ တဲ့ အလုပ်သမားခေါင်းဆောင်တဦး။ ။

Read More...

ကိုယ့်ကြမ္မာကိုယ်ဖန်တီးဖို့ ကန့်ကွက်မဲပေးကြစို့

ဗမာပြည်ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ၏ ထုတ်ပြန်ချက်

အမှတ် (၂/၂၀၀၈)

၂၆ - ၄ - ၂၀၀၈

(၁) NLD “အထူးကြေညာချက်အမှတ် ၇/၀၄/၀၈” ကို ကျွန်တော်တို့ ပြတ်ပြတ်သားသား ထောက်ခံပါတယ်၊ အချိန် မီတယ်လို့လည်း ယူဆပါတယ်။

(၂) ‘အခြေခံဥပဒေ မရှိတာထက်ရှိတာက ကောင်းတယ်’ လို့ စစ်အစိုးရကရော၊ သူ့နောက်လိုက်နောက်ပါများကပါ ပြောဟော ရေးသားနေကြတာ တွေ့ရပါတယ်။ ဒါဟာ သူတို့ရေးဆွဲထားတဲ့ ‘အခြေခံဥပဒေ’ မှာ ချို့ယွင်းအားနည်းချက်တွေ အ များကြီးရှိနေကြောင်းကို တဖက်လှည့်နဲ့ ၀န်ခံနေတာဖြစ်ပါတယ်။ ‘ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ’ မှာ ပြည်သူလူထုက ကန့်ကွက်မဲ တွေပေးပြီး ပယ်ချမှာကို အစိုးရိမ်ကြီး စိုးရိမ်နေကြောင်းကိုလည်း ပြသတာဖြစ်ပါတယ်။ သူတို့ရေးဆွဲထားတဲ့ ‘အခြေခံဥပဒေ’ မှာဖြင့်ရင် ဘယ်အချက်တွေ ဘယ်အချက်တွေကတော့ ကောင်းကွက်တွေရှိပါတယ်ဆိုတာကို ရှင်းမပြနိုင်ဘဲ ‘မရှိတာထက် ရှိ တာက ကောင်းတယ်’ လို့သာ ပြောနေရတာ ဖြစ်ပါတယ်။

အဲဒီလောဂျစ် (ယုတ္တိဗေဒ) မှားပါတယ်။ ‘ဆေးမသောက်ဘဲနေတာထက် ဆေးသောက်တာ ကောင်းတယ်’ ဆိုပြီး အဆိပ်ဆေး ကို ဇွတ်တိုက်နေတဲ့လောဂျစ်ပဲ ဖြစ်ပါတယ်၊

(၃) ပြည်သူလူထုမှာ အားလုံးထောက်ခံနိုင်တဲ့ ‘အခြေခံဥပဒေ’ ရှိပါတယ်။ အဲဒါက ‘၁၉၄၇ အခြေခံဥပဒေ’ ဖြစ်ပါ တယ်။ အမျိုးသားညီညွှတ်ရေးအခြေခံနဲ့ ရေးထားတာဖြစ်ပါတယ်။ ခေတ်နဲ့အညီပြုပြင် (update) လုပ်ဖို့ပဲ လိုကောင်းလိုပါ လိမ့်မယ်။

ပြန်ခေါက်ထားပေးနော့်

Read More...

အခြေခံဥပဒေမူကြမ်းနှင့် ဆန္ဒခံယူပွဲဥပဒေ တရားမျှတမှုမရှိ အန်အယ်လ်ဒီပြော

စစ်အစိုးရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းနှင့် ဆန္ဒခံယူပွဲဥပဒေ၊ နည်းဥပဒေတို့တွင် ပါဝင်သည့်အချက်များသည် လွတ်လပ်မှုနှင့် တရားမျှတမှုမရှိကြောင်းကို အန်အယ်လ်ဒီပါတီက ပြောဆိုလိုက်သည်။
အန်အယ်ဒီပါတီက ယနေ့ထုတ်ပြန်လိုက်သည့် အထူးကြေညာချက်တွင် ဖွဲ့စည်းပုံမူကြမ်း၏ အခန်းတချို့တွင် ဆန္ဒမဲ ပေးခွင့်ရှိသူ လေးပုံတပုံကျော်၏မဲဖြင့် ဖွဲ့စည်းပုံမူကြမ်းအား အလွယ်တကူအတည်ပြုနိုင်ရန်ဖန်တီးထားပြီး ပြဌာန်းချက်များ ပြန်လည်ပြင်ဆင်ခွင့်၌ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်း ကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူအားလုံး၏ ထက်ဝက်ကျော်မဲဖြင့် ပြင်ဆင်ရမည်ဟု အလွယ်တကူပြင်ဆင်ခွင့်မရအောင် ပြဌာန်းထားကြောင်း ထောက်ပြဝေဖန်ထားသည်။

မဲဆန္ဒရှင်များအား တားမြစ်ချက်နှင့် အပြစ်ဒဏ်များသတ်မှတ်ထားသော်လည်း ဆန္ဒခံယူပွဲကျင်းပရေး ကော်မရှင်အဖွဲ့မှ ပုဂ္ဂိုလ်များအား ၎င်းတို့၏တာဝန်နှင့်လုပ်ပိုင်ခွင့်များကို ဖောက်ဖျက်ခြင်း၊ စောင့်ထိန်း လိုက်နာရမည့်ကျင့်ဝတ်များကို ချိုးဖောက်ခြင်းတို့အတွက် တားမြစ်ချက်နှင့်အပြစ်ဒဏ်များ မသတ်မှတ်ထား သဖြင့် ဆန္ဒခံယူပွဲဥပဒေနှင့် နည်းဥပဒေ တို့သည်လည်း စံချိန်စံညွှန်းမမီကြောင်း ကြေညာချက်ကဆိုသည်။

အန်အယ်လ်ဒီပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းညွန့်က “ကျနော်တို့ကြားတာက စက်မှုဝန်ကြီးဌာနက သူ့ဝန်ထမ်းတွေကို
ဝန်ကြီးရုံးမှာစုပြီး မဲပေးခိုင်းတာမျိုး၊ ရန်ကုန်မြို့တော်စည်ပင်ရုံးမှာ စည်ပင်ဝန်ထမ်းတွေကို စုခေါ်ပြီး မဲပေးခိုင်းတာမျိုးတို့က ကိုယ်ပြဌာန်းတဲ့နည်းဥပဒေကို ကိုယ်မလေးစားတဲ့သဘော သက်ရောက်နေပါတယ်” ဟု ဧရာဝတီကို ပြောသည်။

အန်အယ်လ်ဒီ၏အထူးကြေညာချက်တွင် ဆန္ဒခံယူပွဲ၌ ကန့်ကွက်မဲပေးလျှင် ကျောင်းသားဖြစ်ပါက ကျောင်းထုတ်ပြီး
ဝန်ထမ်းဖြစ်ပါက အလုပ်ထုတ်မည်၊ လယ်သမား ယာသမားများကို လယ်ယာမြေသိမ်းမည်ဟူသည့် ခြိမ်းခြောက် ပြောဆိုမှုများကို ကြားသိနေရကြောင်းလည်း ရေးသားထားသည်။

မဲရေတွက်ရာ၌လည်း ထောက်ခံမဲ၊ ကန့်ကွက်မဲနှင့် ပယ်မဲစာရင်းများကို စုပေါင်းစာရင်းချုပ်သည့်အချိန်တွင် ဆန္ဒမဲပေးပိုင် ခွင့်ရှိသူ ပြည်သူလူထုက စောင့်ကြည့်လေ့လာခွင့်မရှိခြင်းတို့သည် ပွင့်လင်းမြင်သာမှုမရှိဘဲ မမှန်မကန်လုပ်နိုင်သော အခွင့်အရေးများကို ရရှိစေသည်ဟုလည်း ကြေညာချက်က ဆိုသည်။

အာဏာပိုင်တို့က မည်သို့ပင် ဟန့်တားနှောင့်ယှက်မှုများရှိနေပါသော်လည်း မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ကြောက်ရွံ့ စိုးရိမ်ခြင်းမရှိဘဲ မဲရုံသို့သွားကာ ကန့်ကွက်မဲထည့်ကြရန် တိုက်တွန်းထားသည်။

ယခုလဆန်းပိုင်းကလည်း အန်အယ်လ်ဒီပါတီက ဆန္ဒခံယူပွဲ၌ကန့်ကွက်မဲပေးကြရန် မဲဆန္ဒရှင်ပြည်သူများအား ကြေညာချက်ထုတ်ကာ တိုက်တွန်းခဲ့သည်။

ဧရာဝတီ-ကိုသက် | ဧပြီ ၂၄၊ ၂၀၀၈

Read More...

ခေါင်းခါလိုက်သည်

ခေါင်းတစ်ချက် ခါလိုက်တိုင်း
မုန်တိုင်းအတွက် အားတစ်ခါ ဖြစ်တယ်..
စပျစ်သီးတွေ ချဉ်တယ်ဆိုတာ အလကား
အဖြေကို ကြိုသိနေတာတော့ ခါးတယ်
မပြေးနိုင်အောင် အပိုင်ချည်ပြီးမှ
လွတ်လွတ်လပ်လပ် ပေးသွားသားပဲလို့ မပြောကြေး
ရထားကတော့ အချိန်တန်ရင် ထွက်သွားမှာပဲ
အစစတိုးတက်ပြီး အပြိုင်တိုးထွက်နေကြတဲ့ ခေတ်ကြီးမှာ

မျက်မမြင်ပုဏ္ဏားတစ်စုကတော့ ငါ့လှေ ငါထိုး အမျိုးပျောက်ပျောက်
လက်ဖျစ်တတောက်ခတ်လိုက်ရင်
ကြက်ဆူပင်က လောင်စာထွက်တယ်
ဘိုးဘိုးအောင်အစွမ်းနဲ့ ၀လုံးတွေ တိုးသတဲ့
ဘိုးဘိုး (မျက်နှာ) ပြောင် အစွမ်းထက်ပုံက သုညတွေ တိုးတိုးလာတယ်..
မုန်တိုင်း အတွက် ပျိုးပျိုးလာတယ်...
အမှားဟာ အမှန်ဖြစ်နေတတ်ပြီး
အမှန်ဟာ အမှားဖြစ်နေတတ်တယ်
အမှန်တရားအတွက် ခေါင်းတစ်ချက် ခါလိုက်တိုင်း
မုန်တိုင်းအတွက် အားတစ်ခါ ဖြစ်တယ်..
အမှန်တရားအတွက် ခေါင်းဆယ်ချက် ခါလိုက်တိုင်း
မုန်တိုင်းအတွက် အားဆယ်ခါ ဖြစ်တယ်..
အမှန်တရားအတွက် အားလုံး ခေါင်းခါကြမယ့်နေ့ဟာ
ဒုတိယမြောက် လွတ်လပ်ရေးနေ့ပါပဲ... ။

ညီမင်းနိုင်

Read More...

အန်အဲလ်ဒီ၏ ၇/၀၄/၂၀၀၈ အထူးထုတ်ပြန်ကြေညာချက်



Read More...

Wednesday 23 April 2008

အဝေးကပေးစာတစောင်

၂၀၀၈ခုနှစ၊ မတ် ၂၃။
ကိုဟိုဒင်းရေ -
စိုင်းထီးဆိုင်တယောက် ဆုံးရှာပြန်ပါရော့လားဗျာ။ တနေ့ကပဲ ကျနော်နဲ့မိတ်ဆွေတယောက်နဲ့ အီးမေးလ်အပြန်အလှန်ရေးကြရင်း
တကယ့်ဂီတ အနု ပညာသည်စစ်စစ်ဖြစ်တဲ့သူက - ဂီတလုလင်မောင်ကိုကိုဆုံးသွားတာ။ ဘယ်သူမှဂုဏ်ပြုစာမရေးကြဘူး။ ပြည်တွင်းမှာလည်း မရေးကြဘူးလို့ ၀မ်းနည်းဒေါသနဲ့ပြော ပါတယ်။ ကျနော်ကလည်း သူ့ခံစားမှုကိုကိုယ်ချင်းစာမိတာနဲ့ ငိုင်ကျသွားမိတယ်။ ဟုတ်တယ်ဗျာ။ သူနဲ့မတိမ်းမယိမ်းကွယ်လွန်ကြတဲ့ အေ၀မ်းစိုးမြင့်။ ကိုလေးညွန့် စသဖြင့် အစားထိုးမရတဲ့ပညာရှင်တွေ ကွယ်လွန်တာဟာလည်းတကယ်ကို ၀မ်းနည်းစရာပဲ။ ကျနော့်ခေါင်းထဲမှာ (ရင်ထဲမှာလို့လဲ ဆိုနိုင်ပါတယ်) သူတို့ကို ဂုဏ်ပြု တဲ့ ဆောင်းပါးလေးတစောင်လောက် ရေးချင်လိုက်တာလို့ ပေါ်ပါတယ်။ ဒါပေမဲ့ ကိုယ်ကသူတို့အကြောင်းကို သူများတကာထက် ပိုသိတာလဲမဟုတ်၊ သူတို့ပညာ ကိုလဲ လိုက်မီတာမဟုတ်ပဲနဲ့။ ရေးလိုက်ပါမှ ယောအတွင်းဝန်ဦးဘိုးလှိုင်ရဲ့စာကို ငတာက ချီးကျူးတာမျိုးဖြစ်နေမှာစိုးလို့ မရေးခဲ့ဘူးလို့ အဲဒီမိတ်ဆွေကို ပြန်ပြော လိုက်မိပါတယ်။ အခုတော့သူတို့နောက်ကို ထက်မြက်တဲ့ ဂီတာပညာရှင်နောက်တယောက် လိုက်သွားပါပြန်ကောလားဗျာ။
သူကွယ်လွန်တဲ့သတင်းကို ကျေညာပြီးနောက် ရေဒီယိုတွေကနေသူ့ရဲ့ ‘နေရစ်တော့ကွယ်၊ သွားတော့မယ်’ ဆိုတဲ့ သီချင်းလေး ဖွင့်ပေးတော့ ကျနော် ဖြင့်မျက်ရည်ကျလုတဲတဲ ငေးနေမိ။ ပြန်သတိရနေမိတယ်။ သတိရဆို ကျနော့်ဘ၀ရဲ့အကြီးမားဆုံး အပြောင်းအလဲကြီးတခု ဖြစ်ပေါ်နေတုန်းမှာ ကျနော့်ရဲ့ဘ၀ အတွင်းဝင်ရောက်လာတဲ့ သီချင်းများနဲ့တေးသံရှင်ပေကိုး။ ဘယ်လိုမှ မေ့မရတဲ့ နေ့ရက်များနဲ့ မေ့မရတဲ့သီချင်းများလေ။ လွန်ခဲ့တဲ့ အနှစ် ၃၀ ကျော်က။
ခင်ဗျားလည်းသိတဲ့အတိုင်းပဲ ကျနော့်လူငယ်ဘ၀ဟာ သာမန်လူ့လောကမှာတယ်ပြီးနေရတာမှမဟုတ်တာ။ ထောင်ထဲနဲ့ တောထဲမှာဖြတ်သန်းရတဲ့ ကာလကပိုများတဲ့ဥစဏာ။ ဒီလိုနဲ့ တခါတော့ခင်ဗျားတို့ သိကြတဲ့အတိုင်း ပစ္စ န္တရစ်အရပ်မှာ ကျနော်ကာလ တခုသွားနေလိုက်ရတယ်။ အဲဒီကပြန်ရောက်လာတော့ အင်းစိန်ထောင်ထဲရောက်တယ်။ အဲဒီအချိန်ကျမှ ခေတ်ပေါ်စတီရီယိုတေး တွေကိုကြားရတာကိုးဗျ။ ထောင်ပြင်ကနေ လွင့်ပျံလာတဲ့လော်သံတွေကပေါ့။ ကျနော် ဖြင့် ဟာ - ငါ့နားများမှားတာလား။ ဘာသာခြား သီချင်းတွေ လွင့်နေတာလား။ ဂီတကလည်း ဆန်းချင်တိုင်းဆန်း။ စာသားတွေကလည်း မပီပဲကိုးဗျ။ ယဉ်ကျေးမှု ချင်း ဆောင့်မိတာလို့ ဆိုရမလားမသိပါဘူး။ ခေါင်းကိုချာလပတ်လည် ရမ်းသွားတာပဲ။ အဲဒီနောက် အိမ်ပြန်ရောက်မှ နှမနဲ့ညီကိုမေးကြည့်ပြီး သူတို့ ပြောပြလို့သိရ တယ်။ အော် - ဒါစတီရီယိုတေး ဆိုတာတဲ့လားပေါ့။ နို့ပေမဲ့ ကိုယ့်နားနဲ့စိမ်းလွန်းလို့ ကျနော်က အလှမ်းဝေးဝေး မှာပဲနေလိုက်မိတယ်။ တပုဒ်မှ စိတ်မ၀င်စားခဲ့ဘူး။ ဒါပေမဲ့ အဲဒီအထဲမှာ ထူးထူးခြားခြားချွန်ထွက်နေတဲ့ သီချင်းတပုဒ်ကိုတော့ သတိထားလိုက်မိတယ်။ အဲဒါက မနက်ကနေ နေ၀င်အထိ ဆိုရမလောက်နီးပါး ကြားနေရတဲ့သီချင်းက “မန္တလေးရောက်ရှမ်းကလေး တယောက်” ဆိုတဲ့သီချင်း။
အဲဒီနောက်တော့ ကျနော်အိမ်ကိုစွန့်ခွာရရော။ မိဘမောင်နှမနဲ့ ဆွေမျိုးမိတ်ဆွေတွေကို ခွဲခွာရရော။ ရှမ်းပြည်နယ်က တောင်တန်းတွေပေါ် ရောက် သွားတယ်။ ရှမ်း၊ ပအို့၊ တောင်သူ၊ လီရှော၊ အင်းသား၊ ဓနုစတာတွေ နေထိုင်တဲ့တောင်တန်းတွေ၊ လွင်ပြင်တွေမှာပေါ့ဗျာ။ အိုးစည်သံ။ လင်းကွင်းသံတွေမြိုင်လှတဲ့။ အဲ - မဟုတ်ဘူးဗျ။ အိုးစည်သံ - လင်းကွင်းသံဆိုတာက ပွဲလမ်းကျမှကြားရတာ။ ၀ါတွင်းဆွမ်းကပ်ဖို့ အဖိတ်နေ့မှာလည်းကြားရတယ်။ ကျန်တဲ့အချိန်တွေမှာတော့ အများဆုံးကြားရတာဟာ စိုင်းထီးဆိုင်နဲ့ စိုင်မော်ဝ်တို့ရဲ့ သီချင်းတွေပဲဗျို့။ ဘယ်နေရာရောက်ရောက၊ ဘယ်လူမျိုးတွေအကြားရောက်ရောက် ကာလသား။ ကာလသမီးတွေဟာ ကက်ဆက်ပါလာသူကို စိုင်းထီးဆိုင်နဲ့စိုင်းမော်ဝ်တို့ရဲ့ သီချင်းတွေဖွင့်ခိုင်းကြတာပဲ။ လားရှိုးသိန်းအောင်တို့ ဘာတို့လည်းကြိုက်ကြပါရဲ့။ ဒါပေမဲ့ ဒီနှစ်ယောက်၊ အထူးသဖြင့် စိုင်းထီးဆိုင်လောက်ပေါ်ပြူလာဖြစ်တာ ဘယ်သူ့မှမတွေ့ရပေါင်ဗျာ။
ပအို့အမျိုးသားတွေမှာ အပျိုလည်တယ်ဆိုတဲ့ ဓလေ့ရှိတာကိုးဗျ။ အပျိုလည်တယ်ဆိုတာ ထူးထူးခြားခြားတော့မဟုတ်ပါဘူး။ တနေ့လုံး သနပ်ဖက်ခြံ။ ကြက်သွန်ခင်းထဲမှာ အလုပ်လုပ်ကြပြီးတဲ့နောက် ညမှာအပျိုလေးတွေရှိတဲ့အိမ်တွေကိုသွားပြီး မီးဖိုရှေ့မှာထိုင်၊ လေကန်ကြတာကိုးဗျ။ မီးဖိုဆိုတာက အိမ်ရဲ့အဓိက အခန်း။ ဧည့်ခန်းကြီးထဲမှာရှိတာပါ။ နောက်ပြီးကာလသားနဲ့ ကာလသမီး တယောက်ချင်းစကားပြောတာမျိုး မဟုတ်ပါဘူး။ အိမ်ရှင်အပျိုကလာသမျှ ကာလသားကို ဧည့်ခံစကားပြောရတာပါ။ ပြောတာက တဖက်ကအလုပ်လုပ်ရင်း တဖက်ကပြောတာပါ။ ဥပမာကြက်သွန်ချိန်ဆိုရင် ကြက်သွန်မျိုးတွေကို စိုက်ဖို့အတွက် ဥတွေက နေ အမြှောင်းတွေအဖြစ်ချွေကြရတယ်။ အိမ်ရှင်မိန်းကလေးက သူ့အိမ်ကမျိုးတွေကိုချွေ။ လာတဲ့ကာလသားတွေကလည်း ကိုယ်ယူလာတဲ့ ကိုယ့်အိမ်ကကြက်သွန် မျိုးတွေကိုချွေ။ အဲဒီလိုလေကန်ကြတာပဲဗျ။ အဲ။ ထူးခြားတဲ့ထုံးစံတခုက ကာလသားတွေက ကောင်မလေးတွေကို နင်ငါ့ကိုကြိုက်သလားလို့မေးရင် ကြိုက်တယ်လို့ ပြန်ဖြေရတယ်ဗျ။ မကြိုက်ဘူးလို့မဖြေရဘူး။ ဒါပေမဲ့ဒီလိုစကားဝိုင်းမှာ ပြောတာကို ဘယ်သူမှအတည်မယူရဘူးလေ။ သူတို့ထုံးစံပဲ။ ခုနကပြောနေတာနဲ့ ပြန်ဆက် ရရင် အဲဒီလိုအပျိုလည်ကြရာမှာ တတ်နိုင်တဲ့ကာလသားများက ကက်ဆက်လေးတွေ သယ်သွားကြတာကိုးဗျ။ ပြီးမှအပျိုရှေ့မှာဖွင့်ပြ။ နားထောင်ကြ။ ထင်မြင် ချက်ပေးကြပေါ့လေ။ ဒါကြောင့် သူတို့ရဲ့ကြက်သွန်ထည့်တဲ့ ပလိုင်းတွေထဲမှာ ကက်ဆက်ခွေတွေနဲ့ ဓာတ်ခဲအသစ် အဟောင်း။ တပတ်ရစ်၊ ဓာတ်ခဲ မျိုးစုံပါလာ တတ်သဗျ။ လက်တဖက်မှာတော့ လက်နှိပ်ဓာတ်မီးပေါ့ဗျာ။ မိုးရွာရွာ။ နှင်းကျကျအဲဒီစတိုင်က မပျောက်ဘူးဗျ။ အဲဒီလို ညတွေမှာ ဖွင့်တဲ့သီချင်းတွေကတော့ စိုင်းထီးစိုင်၊ စိုင်မောဝ်တို့ရဲ့ ဟာတွေပေါ့ဗျ။
ကျနော်က။ အဲဒီတုန်းကတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တဖွဲ့နဲ့အတူနေ။ အတူစား။ အတူလှုပ်ရှားနေတာဆိုတော့ ရွာတကာလှည့်ပြီး မြို့နယ်အ လုပ်တွေ လုပ်ကြတာပေါ့ဗျာ။ အဲဒီကျနော်တို့ရဲ့အဖွဲ့မှာ သေနတ်လိုပဲ မပါမဖြစ်ပါလေ့ရှိတာက ကက်ဆက်နဲ့ ကက်ဆက်ခွေတွေပဲဗျ။ သူတို့ကဒေသခံလူထု။ အထူး သဖြင့် လူငယ်ပိုင်းတွေနဲ့စကားပြောပြီးရင် ကက်ဆက်လေးဖွင့်။ ထွေရာလေးပါး ပြောကြတာပေါ့ဗျာ။ ဒီအခါမှာ ကာလသားတွေက ဘာသီချင်းရှိသလား။ ဘယ်သီ ချင်းလေးဖွင့်ပါအုန်း စသဖြင့်ပြောကြ တောင်းဆိုကြတာ။ စိုင်းထီးဆိုင်နဲ့စိုင်မော်ဝ်တို့ရဲ့ သီချင်းတွေချည်းပဲ။ နောက်ပြီးကျနော်တို့တတွေ တတောင်ကနေတတောင်၊ တရွာကနေတရွာ သွားကြတော့လည်း လက်ထဲပါလာတဲ့ကက်ဆက်က သူတို့သီချင်းတွေပဲ ထွက်နေတာကိုးဗျ။ ဒါကြောင့် ကျနော့်အဖို့ ရှမ်းပြည်နယ်က ဒီတော။ ဒီတောင်၊ ဒီမြောင်၊ ဒီစမ်းတွေနဲ့ ဒီသီချင်းတွေဟာ ခွဲလို့မရဘူးဖြစ်သွားတယ်။ လှေစီးရင်း။ မြင်းစီးရင်း ဒီသီချင်းတွေနဲ့လွင့်မျောခဲ့ရတဲ့ နေ့ရက်တွေကို ဘယ်တော့မှ မမေ့ပါဘူး။ တခါတလေကိုယ်က သူတို့စကားနားမလည်လို့ ကိုယ့်ကိုရွာထဲက အိမ်တအိမ်မှာ သေနတ်တလက်၊ ကက်ဆက်တလုံးနဲ့ ထားခဲ့တာမျိုးတွေလည်း ရှိတယ်။ ကက်ဆက်နဲ့ထားခဲ့တယ်ဆိုတာထက် ထီးဆိုင်တို့စိုင်မောဝ်တို့နဲ့ ထားခဲ့တယ်ဆိုရင်ပိုမှန်မယ်ထင်ပါတယ်ဗျာ။
ကျနော်အဲဒီနေရာတွေကိုခွာရတဲ့အခါမှာ သူတို့သီချင်းတွေခေါင်းထဲရင်ထဲမှာ စွဲကပ်ပြီးပါလာတာပေါ့။ အဲဒါလည်းကြာသွားပြီ။
အခုတော့ကျနော့်လက်ထဲမှာ သေနတ်မရှိတော့ဘူး။ ရင်ထဲမှာစိုင်းထီးဆိုင်ရဲ့သီချင်းတွေတော့ရှိနေတယ်။

ယာတောကသာဗြော

Read More...

သမဂ္ဂ အမေသို့ကန်တော့ပန်း

ကျေးဇူးတင်ပါတယ် အမေ
ဒီလောက်အသက်ရှည်ရှည်နေပေးခဲ့တာ။
အသက် ၉၀ ကျော်အောင် ဒီအကျင့် ဒီစာဂ
ဒီသီလ ဒီမေတ္တာ
ဒီစေတနာ ဒီအသိနဲ့
ကတိတည်တည်
သတိမြဲမြဲ ဒီမြေဒီအခြေမှာ ဒီလိုနေရဲခဲ့တာ နေပေးသွားတာ
နဲတဲ့မဟာကရုဏာလားအမေ။
လူတွေကတော့နှမျောကြ၀မ်းနည်းကြတာပေါ့။
အမေရှိနေသမျှစေတီထိုက်တာကိုး။
ပုထုဇဉ်တွေဆိုတော့လည်း
အမေရေစက်ချမှ
သားတို့ရင်ထဲကကုသိုလ်တွေက ပိုးပိုးပေါက်ပေါက်ပိုကျ
အမေအမျှဝေမှ
သမီးတို့လိုက်ရတဲ့ သာဓုတွေက ပီတိပိုဖြာရတာကိုး။
သားသမီးတွေမှာလည်းအကျိုးများ
အမေ့မြေအမေ့ရေမှာ တိုးပွါး
ဗောဓိညောင်လိုအရိပ်တပါးအမေရေ။

စိတ်ချလို့သွားအမေ
သားသမီးတွေက လူလားမြောက်
အမှန်နဲ့အမှား တရားနဲ့မတရား
ပိုင်းခြားတတ်တဲ့အရွယ်တွေရောက်ကြပြီ
ကုသိုလ်တံတားများဘယ်လိုဆောက်
အကုသိုလ်တရားများဘယ်လိုဖျောက်
သဘောပေါက်တယ်အမေ
မြေးမြစ်တွေလည်း အတောင်ပေါက်
နိုင်ငံတကာတံခါးတွေကို သိက္ခာရှိရှိခေါက်တတ်ကြပြီ။

စိတ်ချအမေ
ဓမ္မကမ်းပါးမှာ အမေထားခဲ့တာ
သားတဖြာမြစ်တဖျာမှမဟုတ်တာ
အပွါးအစည်းသွေးသစ်တွေဝေေ၀ဆာဆာဖွဲ့
သားသမီးမြေးမြစ်တွေကုဋေကုဋာနဲ့
ဒီမြေ ဒီကမ္ဘာမှာ
ဒီမို တပြေတရွာ တည်လို့ရပါရဲ့အမေ။

(အောင်ဆန်းတို့အမေ ဗဟိန်းတို့အမေ အောင်ကျော်တို့အမေ
ချွန်မြကြစေ တွန်ကကြစေ ဇာနည်အိုးဝေ)
သမဂ္ဂအမေ - သီချင်းကိုဆိုနေရင်း
ထောင်ထဲက အမေသားတွေ အမေ့ဂုဏ်တော်တွေကိုအောက်မေ့နေကြမှာပါ။
မြေအောက်က အမေ့သမီးတွေ အမေ့လိုဖြစ်အောင်ကျင့်ကြံနေကြမှာပါ။
စစ်ဖိနပ်အောက်က အမေ့ပြည်သူတွေ ရုန်းထနေကြမှာပါ။
အဝေးရောက်အမေ့သားသမီးတွေ အမိမြေအတွက် တိုက်ပွဲဆက်နေကြမှာပါ။

ခွန်ဆိုင်း ( ၈.၄.၀၈)

Read More...