Friday 12 September 2008

စောင့်တတ်သူ

ဟိုးရှေးရှေးတုန်းက လိပ်မိသားစုတစုဟာ ပျော်ပွဲစားထွက်ဖို့ ပြင်ဆင်ကြပါတယ်။ သူတို့သဘာဝကိုက နှေးကွေးတဲ့ လိပ်တွေဟာ ပျော်ပွဲစားထွက်ဖို့ ပြင်ဆင်တာလည်း ၇ နှစ်တောင် ကြာပါတယ်တဲ့။
နောက်ဆုံးတော့ လိပ်မိသားစု အိမ်ကထွက်လာပြီး သင့်တော်တဲ့နေရာကို ရှာကြပါတယ်။ ထွက်လာပြီး ၂ နှစ်အကြာမှာတော့ သူတို့အတွက် အကောင်းဆုံးနေရာ တခုကို ရှာတွေ့သွားကြပါတယ်။
အဲဒီနေရာကို သန့်ရှင်းရေးလုပ်တာတို့ ပျော်ပွဲစားအတွက် စားစရာတွေကို ခြင်းတောင်းထဲက ထုတ်ပြီးပြင်ဆင်တာတို့ကိုတော့ ၆ လအကြာမှာ ပြီးစီးသွားပါတယ်။ အဲဒီအခါကျမှ သူတို့ဆားကျန်ခဲ့တာကို သိလိုက်ရပါတယ်။ ဆားမပါတဲ့ပျော်ပွဲစားက ဘယ်လိုမှကောင်းနိုင်မှာ မဟုတ်ဘူးလို့ သူတို့ထင်တယ်။ အဲဒီကိစ္စကို အကြာကြီးဆွေးနွေးအပြီးမှာတော့ အငယ်ဆုံးလိပ်ကလေးကို အိမ်မှာဆားပြန်ယူဖို့ ရွေးချယ်ပြီး တာဝန်ပေးလိုက်ကြပါတယ်။ မိသားစုထဲမှာ အမြန်ဆုံးဖြစ်တဲ့ လိပ်ကလေးဟာ လူးလှိမ့်ပြီးငိုယိုပါတော့တယ်။ နောက်တော့ ကတိတခုတောင်း ပြီးမှ သွားမယ်လို့ သဘောတူပါတယ်။ ကတိကတော့ ဘယ်သူမှ သူပြန်မရောက်မချင်း အစားအသောက်တွေကို မစားပါဘူးဆိုတဲ့ ကတိပါပဲ။ တမိသားစုလုံးက သဘောတူလိုက်တော့မှ လိပ်ကလေး ထွက်သွားပါတော့တယ်။
သုံးနှစ်ကြာတဲ့အထိ လိပ်ကလေးပြန်ရောက်မလာပါဘူး။ ငါးနှစ် … ခြောက်နှစ် … ခုနှစ်မြောက်လာတဲ့အခါမှာတော့ အသက်အကြီး ဆုံးလိပ်ကြီးက ဗိုက်ဆာတဲ့ဒဏ်ကို မခံနိုင်ရှာတော့ပါဘူး။ ဒါကြောင့် သူတော့ စားတော့မယ်လို့ပြောပြီး အသားညှပ်ပေါင်မုန့်ထုတ်ကို ဖွင့်လိုက် ပါတော့တယ်။ အဲဒီအချိန်မှာပဲ လိပ်ကလေးက သစ်ပင်အနောက်ကနေ ရုတ်တရက်ထွက်လာပြီး အော်လိုက်ပါတယ်။
“တွေ့လား ! သားကို စောင့်ကြမှာ မဟုတ်ဘူးဆိုတာ သိသားပဲ။ တော်ပြီ ဆားသွားမယူတော့ဘူး …”


လူတချို့ဟာ တခြားလူတွေကို ကိုယ်မျှော်လင့်ထားသလိုလုပ်ပေးဖို့ စောင့်မျှော်ရင်းနဲ့ပဲကိုယ့်အချိန်တွေကို ဖြုန်းပြစ်တတ်ကြတယ်။ သူများတွေ ဘာလုပ်သလဲဆိုတာကို အလေးထားစိတ်ဝင်စားနေရတာနဲ့ပဲ ကိုယ့်အတွက်တောင် ဘာမှမလုပ်ဖြစ်လိုက်ကြဘူး။ ။

4 comments:

ဂျူနို said...

အရမ်းကောင်းပါတယ်။
ဘလော့မှာဖတ်ဖူပြီး ဘယ်ဘလော့မှန်းမမှတ်မိလို့ ။
ကျမက ချင်းမလေးဘလော့မှာထင်နေတာ။
မိတ်ဆွေတွေကို ပြန်ပြောပြဖြစ်တယ်။
ဆက်ရေးပါ။

မဆုမွန် said...

ဟယ် ကောင်းလိုက်တာ.
ပြုံးချင်စရာလေးပေမယ့် တော်တော်ထိရောက်တယ်
ဟုတ်တယ် သူများအတွက် အချိန်ပေးနေတဲ့သူ တော်တော်များတယ်

ရွှေပြည်သူ (ShwePyiThu) said...

ရွှေဥသြရေ... ဒီပို့စ်လေးကို အစ်မဘာသာပြန်ခဲ့တာ ဖြစ်သလို ခေါင်းစဉ် “စောင့်တတ်သူ”ကိုလည်း အစ်မပေးခဲ့တာပါ။ တင်ခဲ့တဲ့ပို့စ်ကို http://www.shwepyithu.com/2008/07/blog-post_29.html မှာကြည့်နိုင်ပါတယ်။ ညီမငယ် ချင်းမလေးကလည်း Forward Email ကပဲ ရပြီး တင်ထားတာပါ။ ဒါကြောင့် အဆင်ပြေမယ်ဆိုရင် အစ်မနာမည်လေး ဖော်ပြပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်။ Forward Email က ရတယ်ဆိုရင်လည်း ရတဲ့အကြောင်းလေး ရေးပေးစေချင်ပါတယ်။ တချိန်မှာ မူရင်းဘာသာပြန်သူ ဘယ်သူဆိုတာ ရှုပ်ထွေးလာမှာစိုးလို့ မေတ္တာရပ်ခံ တောင်းဆိုရတာပါ။ နားလည်ပြင်ဆင်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Unknown said...

ဘာသာပြန်ကို မူပိုင်ခွင့်လာလုပ်နေသေးတယ်ဗျာ
မင်းလည်း မေကုလား လား